အိမ်မဲ သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြပြီး အကြမ်းဖက်အဖွဲ့အစည်းများ၏လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးသွားရသော ပြည်ခိုင်ဖြိုးပါတီဝင်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် (၂)မိနစ်ခန့် ငြိမ်သက်ကြကာ နိုင်ငံတော်သီချင်အားသံပြိုင်သီဆိုကြသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇွဲမာန်လွင် ကဆွေးနွေးပွဲပြုလုပ်ရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းကုန်းမြို့နယ် သဗ္ဗသုခ ဓမ္မဝိဟာရ ကုန်းရှမ်းရွာကျောင်းတိုက်မှ ဆရာတော် ဥူးမဏ္ဍလ၊ အမျိုးသားရေးအဖွဲ့မှ မပိုးအိခိုင်(ခေါ်)မပုတု၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် ဟားစတိုင်အဖွဲ့မှ ဦးနေဇော်သက် (ခေါ်)စတားကောင်းထက်တို့မှ လူငယ်နှင့်မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှ တာဝန်ရှိသူများက လာရောက်ဆွေးနွေးပြောကြားသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်များကို ပေးအပ်ခဲ့ပြီးအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဝင် (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)