ဘူးသီးတောင်မြို့၌ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table Top Exercise ဆောင်ရွက်ခြင်း ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဘူးသီးတောင် သြဂုတ် ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table Top Exercise ဆောင်ရွက်နိုင်ရေး ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျန်အေးက မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table Top Exerciseဆောင် ရွက်ခြင်းဆွေးနွေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါက အရေးပေါ်တုန့်ပြန်နိုင်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိတို့ကျရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တို့ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ မိမိတို့ကဏ္ဍ အလိုက် တစ်ဦးချင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table Top Exerciseဆောင် ရွက်ရမည့်လုပ်ငန်း တာဝန်များအား ဆောင်ရွက်ရမည့်အကြောင်းအရာ၊ ဆောင်ရွက်ရန်တာဝန်ရှိသူ၊ လိုအပ်သည့် ထောက်ပံပစ္စည်း စသည့်တို့အားဖြင့်ရှင်းလင်းပြောကြားသည်။

အဆိုပါမုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးချက်များအပေါ် မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)