ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “လူငယ်များ၏ မိုးကောင်းကင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဖြူး ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ လူငယ်များ၏ မိုးကောင်းကင် စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားပြီး “လူငယ်များ၏မိုးကောင်းကင်” စာအုပ်ပါအ‌ကြောင်းအရာများအား  ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဖြူးမြို့နယ် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ လူငယ်များ၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အဆိုပါစာအုပ်တွင်ပါရှိသော ပျော်လည်းပျော်စေ ပညာလည်းယူစေ၊ လူငယ်နှင့်ပရဟိတ၊ လူငယ်များသို့ပြောချင်သည်၊ ကြယ်ပွင့်လေးများ မကြွေစေချင် စသည့် ခေါင်းစဉ်အလိုက် ဖတ်ကြားခြင်း၊ ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)