ပေါက်ခေါင်း ဩဂုတ် ၁၂
ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာပေဖတ်ရှုလိုစိတ် မြင့်မားလာစေရန်နှင့် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေး ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်က "စာဖတ်ခြင်း၏အကျိုးကျေးဇူးများ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ အထက(ပေါက်ခေါင်း)မှ ကျောင်းသား၊ကျောင်းသူများက ဖြူနီဝါပြာပန်းမာလာ ကဗျာစာအုပ်နှင့် ဖိုးရွှေလနှင့် ကြောင်ကလေးမိဖြူ ကဗျာစာအုပ်များမှ ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)