ကျောက်ဆည် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး တိုက်နယ်(၁၂)ခု၊ ကွင်းပေါင်း(၂၁၇)ကွင်းတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ မိုးစပါး(၅၂၇၉၉)ဧက စိုက်ပျိုးရန်လျာထားပြီး(၁၉၁၈၁)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
မိုးစပါးသီးနှံများကို ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-ငါးဆူ-ရှားပင် ကျေးရွာအုပ်စုများတွင်(၂၂၄၀)ဧက၊ ဒါန်းတိုင်-ရန်ဘက်လို-ပေတော-ဘုံကွင်း-စင်းကွန်း ကျေးရွာအုပ်စုများတွင် (၅၇၉၂)ဧက၊ လက်ပန်ဇင်-မယ်ဇယ်ပင်-တံစိုး-သူငယ်တော်-ပွတ္တိုင်-မြောင်းဦး-အနောက်သာဂရ-ရွာပုလဲ-ကတဲ-ပနံ ကျေးရွာအုပ်စုများတွင် (၅၃၄၃)ဧက၊ ညောင်ရွေ- သင်ပုတ်-ဇရပ်ဖြူ-ငါးအိုး-ရွာနန်း-လက်ပန်-ညောင်ဝန်း- ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၄၂၀၆)ဧက၊ တောင်နောက်-သင်တောင်း-အင်တိုင်း-ပြည်ပန်းဖောင်ရွာ-ကြက်မင်းတွန်- ပတ္တာ-ပင်တလည်-သမန္တလင်း- မြင်းကဘက်- မုန့်ပေါင်း- လက်ပန်ဇင် ကျေးရွာအုပ်စုများတွင် (၅၉၇၀)ဧက၊ အရှေ့ငယ်တိုး-ထန်းဇင်တော်-ငှက္ကတောင်-ရွှေဓား-ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၃၉၁၄)ဧက၊ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ- သရက်ပင်-ရဲ-ကြောင်-ဇရစ်ခဲ-အုန်းကြော-ကြက်သားဟင်း ကျေးရွာအုပ်စုများတွင်(၂၅၀)ဧက၊ သင်္ဂတုံ-အရှေ့သာဂရ- ကလေး-မှိုင်းပန်-ပြည်တော်သာ- ရှမ်းတောင်ဦး-ပုထိုးနီ-ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၅၉၈၄)ဧက၊ ရဲမအူ-စိုင်မလန်း-ကိုးပင်-အင်ရောင်း-ကလိုင်ကျော် ကျေးရွာအုပ်စုမျးတွင် (၄၂၃၃)ဧက၊ မင်းစု-စပါယ်တော-ရွှေအင်း-လေးဆယ်ကုန်း-တောတွင်-မြေစိုပယ်ကျေးရွာ အုပ်စုများတွင် (၅၀၁၂)ဧက၊ ဟံမြင့်မိုရ်-လယ်ကြီး-ပုန်းညက်ကျေး-ကျားကာ-သံရွာ-ခါးတက်ကုန်းကျေးရွာအုပ်စုများတွင်(၄၆၈၈)ဧက၊ ဆူးလေကုန်း-ပေါက်ပင်ကွေ့-မြေစိုမိုး-ပဲခင်း-ပေါင်လောင်-တောင်တော်-ကင်း ကျေးရွာအုပ်စုများတွင်(၅၁၈၅) ဧကစုစုပေါင်း (၅၂၈၁၇)ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
စပါးစိုက်ခင်းများအောင်မြင်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်သည့် မျိုးသန့်မျိုးကောင်းများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်းပြည့်မီစေရေးအတွက် စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များအချိန်မီနှိမ်နင်းရေး၊ ကင်းထောက်မှတ်တမ်းများယူပြီး ပိုးမွှားရောဂါကြိုတင်ကာကွယ်နှိမ်နင်းပေးခြင်း၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ်မှန်ကန်စေရေး၊ သဘာဝမြေဩဇာများ၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ ကိုယ်တိုင်ပြုလုပ်သုံးစွဲစေရေး စသည့်နည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)