သာယာဝတီခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သာယာဝတီ      ဩဂုတ်   ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီ က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင် က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာ၌ လူကုန်ကူးမှုပြဿနာသည် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှနိုင်ငံများသာမက ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားလျက်ရှိကြောင်း၊ အတူတကွလက်တွဲ ပူးပေါင်းဆောင်ရွက်မှသာ တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း၊ ဟောပြောပွဲမှတစ်ဆင့် ရရှိလာသည့် အသိပညာများကို မိမိပတ်၀န်းကျင်တွင် လက်ဆင့်ကမ်းမျှဝေဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးမှုအကြောင်းနှင့် ကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာဆောင်ရွက်သင့်သည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တ၀င့် ရှင်းလင်းဟောပြောပါသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်းသား/သင်တန်းသူများနှင့် စိတ်ပါ၀င်စားသူများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)