ပြင်စလူမြို့၌ ကျေးရွာချင်းဆက် ကွန်ကရစ်တံတားဆောက်လုပ်

ပြင်စလူ သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီအချိန်က အမှတ်(၁)ရပ်ကွက် ကျေးရွာချင်းဆက် ကွန်ကရစ် တံတားဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

ယခင်သစ်သားတံတားမှာ ၂၀၀၇ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ယခုအခါ မင်္ဂလာ ကျောင်းတိုက် ဆရာတော် အရှင်အာနန္ဒာ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စုပေါင်းထည့်ဝင် ငွေကျပ် (၁၁၁) သိန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားဆောက်လုပ်ခြင်းအားဖြင့် ပြင်စလူမြို့အတွင်းရှိ လေယာဉ်ကွင်းကျေးရွာ၊ ကျားကျောင်းကျေးရွာ၊ ဝါးဘိုးကုန်းကျေးရွာ၊ အောင်လှိုင်ကျေးရွာစသည့် ကျေးရွာပေါင်း(၁၂)ရွာအတွက် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မှာဖြစ်ကြောင်း သိရသည်။

ယောဧရာ(မြို့ပြန်/ဆက်)