ရှင်ဗွေယန်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲကျင်းပ

ရှင်ဗွေယန် သြဂုတ် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူအရုပ် ခေါက်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာချိုက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စက္ကူအရုပ်ခေါက်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြင့် ကလေးငယ်များ ရဲရင့်မှုရှိစေရန်၊ တီထွင်ကြံဆတတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်ရှိစေ ရန်နှင့် ဉာဏ်ရည်ထက်မြတ် လာစေရန်တို့အတွက် ရည်ရွယ်ပြုလုပ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဦးစီးမှူး ဒေါ်ဝင်းမာချိုက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်းနှင့် ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် အသိပညာပေး လုပ်ငန်းအမျိုးမျိုးနှင့် ပြပွဲ/ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရှင်ဗွေယန် (ပြန်/ဆက်)