ပေါင်မြို့နယ်၌ ‌ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲ ကျင်းပ

ပေါင် ဩဂုတ် ၁၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်  မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ သထုံခရိုင် လက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်ကြင်ထွန်း၊ ပေါင်မြို့နယ်ရဲမှုး သံဘရောင် ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကိုက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက တုန့်ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များကို စနစ်တကျဖြင့် အမြန်ဆုံးပူးပေါင်းဆောင် ရွက်နိုင်ရေးတို့ကို ဦးဆောင်ဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၀င်များ၊ ဆပ်ကော်မတီ၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပေါင်မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်မလေး