ကျိုက်လတ် သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ် ကင်းရှင်းရေး ကြည်ရှုစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများသည် ကျိုက်လတ်မြို့နယ် အတွင်းရှိ ဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဓတက္ကသိုလ်တို့၌ ဓာတ်အားလိုင်းများအား လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းထားမှုရှိ မရှိ၊ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးအတွက် ဝပ်အားနည်း LED မီးသီးများ ပြောင်းလဲ သုံးစွဲထားခြင်းရှိမရှိနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လျှပ်စစ်မီးကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကိုလည်း ခုတ်ထွင်ရှင်းလင်း ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်