ဘီးလင်းမြို့နယ်၌ ‌ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table -Top Exercise ဆွေးနွေးပွဲ ကျင်းပ

ဘီးလင်း ဩဂုတ် ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပိုမိုထိရောက်အောင်မြင်စွာ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် မီးသတဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူအောင်က အဖွင့်အမှာစကား ပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းက ဘေးအန္တရာယ်တုန့်ပြန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်မီးသတဦးစီးဌာနမှူး ဦးဝေယံအောင်က သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက တုန့်ပြန်ရေး၊ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုနှင့် ယခင်နှစ် သဘာဝဘေး ဖြစ်ပွားချိန်တွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေး ပြောကြားပြီး ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၀င်များ ၊ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထူးနောင် (ဘီးလင်း၊ ပြန်/ဆက်)