ညောင်ဦး ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်ပြီး ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပခဲ့ကြောင်း ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)ထံက သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး(ဦးစီးအရာရှိ)မှ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များအား စာပေနှင့်ပတ်သက်သည့် ပြင်ပဗဟုတများအား ကျောင်းပြင်ပတွင်လည်းရှာဖွေဖတ်ရှုနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် လာရောက်လေ့လာဖတ်ရှုနိုင်ကြောင်း၊ စာပေ Book Club အဖွဲ့ဝင်များမှလည်း ပြည်သူ့စာကြည့်တိုက်တွင် စာငှားကတ်ပြုလုပ်၍ စာအုပ်၊ စာပေများ ငှားရမ်းဖတ်ရှုနိုင်သည်ကို နီးစပ်ရာမိတ်ဆွေများကိုပြောကြားခြင်းဖြင့် လူတိုင်းပြင်ပစာပေဗဟုသုတများရှာဖွေနိုင်ကြောင်း ဟောပြောသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများလေးများအား ဗလငါးတန်ပြည့်စုံစေရန် ခုံလုပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများ ကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား မေတ္တာလက်ဆောင်အဖြစ် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံများ အမှတ်တရလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ