လှိုင်သာယာ(အနောက်ပိုင်း) ဩဂုတ် ၁၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အမှတ်(၁၁)ရပ်ကွက်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက(၁၉)ထခွဲ၊ အလက(၁၈)နှင့် ရတနာသီရီမြို့ဦး ဘုန်းတော်ကြီးသင် မူလတန်းလွန်ကျောင်းများ၌ အသက်(၅)နှစ်အထက် ကလေးငယ်များအား ဗီတာမင်အေအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် တိုက်ကျွေးခဲ့သည်။
အဆိုပါ တိုက်ကျွေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးက ဦးဆောင်၍ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌနှင့် NGO အသင်းဝင်များ ပူးပေါင်းတိုက်ကျွေး ဆောင်ရွက်ခဲ့ပြီး၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများ (၄၂၇)ဦးအား ဗီတာမင်အေအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းအတွက် အသက် (၅)နှစ်အထက်ကလေးငယ်များ တိုက်ကျွေးရန် ကလေးငယ်(၄၂၇)ဦး သံချဆေးနှင့်ဗီတာမင်အေအားဆေးများ တိုက်ကျွေးခြင်းများပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝေလွင်ကျော်(ပြန်/ဆက်)