တောင်တွင်းကြီး ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းတို့က မျောက်ကျောက်ရောဂါအကြောင်း၊ မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ သတိပြုရမည့်လက္ခဏာများ၊ တိရစ္ဆာန်မှတဆင့် လူကိုကူးစက်နိုင်ချေလျှော့ချရန်နည်းလမ်းများ၊ လူအချင်းချင်းကူးစက်နိုင်ချေ လျှော့ချရန်နည်းလမ်းများ၊ နောက်ဆက်တွဲဆိုးကျိုးများ၊ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်မည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ (Talk Show)ကို ပြည်သူများ မျောက်ကျောင်ရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် တောင်တွင်းကြီးမြိုနယ်ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)