သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဆွေးနွေး

သာယာဝတီ     ဩဂုတ်   

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ အသိပညာပေးခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ..က(သုံးဆယ်) ကျောင်းတွင် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုး ကကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိနားလည်ရေးနှင့်ပတ်သက်၍ ကလေးသူငယ်၏ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကလေးသူငယ်များ၏ အခွင့်အရေး()ချက် အကြောင်းများကို အသိပညာဗဟုသုတရရှိစေရေး ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးမှုအကြောင်းနှင့် ကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာဆောင်ရွက်သင့်သည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သတိပြုသင့်သည့် မိုင်းအန္တရာယ်များအကြောင်းကို ကျောင်းသား ကျောင်းသူများ သတိပြုရှောင်ရှားသင့်သည်များကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ က သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ် တစ်ခုခုဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)