ကျောက်တံခါး ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း (အနောက်ရပ်)ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းနန်းထွေးနှင့် ဒေါ်အေးကျော့တို့က ကျောင်းသား/ကျောင်းသူများအား သန်ကောင်ရောဂါအကြောင်း သိကောင်းစရာနှင့် ဆယ်ကျော်သက်မိန်းကလေးများအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်ကန်စွာ သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေးနှင့် မိုးတွင်းကာလတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်း သိကောင်းစရာများကို ပြောကြားခဲ့ပြီး သံဓာတ်အားတိုးဆေးနှင့် သန်ချဆေးများကို အခမဲ့တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ ဆရာမ ဒေါ်နန်းနန်းထွေးနှင့် တာဝန်ရှိသူများ၊ အခြေခံပညာအထက်တန်း (အနောက်ရပ်)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၄၅)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)