တောင်တွင်းကြီး ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးသည် တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါကာ ယနေ့ နံနက်(၁၀)နာရီက တောင်တွင်းကြီးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
မကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် လုပ်ငန်းများ ဆောင်ရွက်နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း ဆောင်ရွက်ပြီးသော နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုလျှင်သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံး သိရှိနိုင်ရေးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်း ရိုက်ကူးရခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ရေးသွင်းရာတွင် အချိန်မီပြီးစီးရေးနှင့် တိကျမှန်ကန်စွာ စာရင်းရေးသွင်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)