ဟင်္သာတမြို့နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားရိပ်သာများသို့ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုကွင်းဆင်းဆောင်ရွက်

ဟင်္သာတ သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် နယ်လှည့်ကွင်းဆင်း ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားရိပ်သာများရှိ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က စတင်၍ လယ်တီကွင်းရပ်ကွက်၊ အောင်ချမ်းသာလမ်းရှိ ခိုလှုံရာ ဘိုးဘွားရိပ်သာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်ကွင်းဆင်း ဆေးကုသရာသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဦးဒိုင်ဒိုဒါးလ်နှင့် ဝန်ထမ်းများ ခရိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဒေါက်တာ ညီညီလွင် ဦးဆောင်သော ဆရာ/ဆရာမများက ခိုလှုံရာဘိုးဘွားရိပ်သာရှိ ကလေး ၁၁ ဦး၊ အဘိုး (၃၁) ဦး၊ အဘွား(၅၄) ဦးနှင့် နေလယ် ၁ နာရီအချိန်တွင် ဟင်္သာတမြို့ ကနောင်စုရပ်ကွက် ဟင်္သာတ ဘိုးဘွားရိပ်သာရှိ အဘိုး (၇)ဦး၊ အဘွား (၂၇) ဦးတို့ကိုလည်းကောင်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက် မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဇော် (ဟင်္သာတ)