သာပေါင်းမြို့နယ်သို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် မိုးလုံ လေလုံအားကစားခန်းမနှင့် မြို့နယ်ဘောလုံးအားကစားကွင်းတို့အား ကြည့်ရှုစစ်ဆေး

သာပေါင်း ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့ရောက်ရှိလာ၍ မိုးလုံလေလုံအားကစားခန်းမနှင့် မြို့နယ်ဘောလုံး အားကစားကွင်းတို့အား ယနေ့ နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(၁) ဦးကျော်ဦး၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ပုသိမ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံတို့နှင့် အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့က မြို့နယ်အားကစား ဘောလုံးကွင်းအား ကြည့်ရှုကြပြီးနောက် မိုးလုံလေလုံအားကစားခန်းမ အား သွားရောက်ကြည့်ရှုရာ ၁၉၈၅ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ပျက်စီးယိုယွင်းနေပြီဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ချိုသဲမှ ရှင်းလင်းတင်ပြရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ မြို့နယ်ဘောလုံး အားကစားကွင်း ဆုချီးမြင့်စင်မြင့် အမိုးမိုးရန်၊ Goal ဘုတ်​ပြုပြင်ပေးရန်၊ အဝင် ဆိုင်းဘုတ်နှင့် သံတံခါးပြုလုပ်ပေးရန်၊ ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ၊ မိုလုံလေလုံ အားကစားရုံအသစ် ဆောက်လုပ် ပေးရန်၊ အားကစားပစ္စည်း (ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ မြေပြင်တင်းနစ်) ပစ္စည်းများ ထောက်ပံ့ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း