လက်ပံတန်း ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် အခမ်းအနားကို အထက(၁) နဝဒေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိိုင် က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်း က ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမူများ ဆောင်ရွက်ရခြင်းအကြောင်းနှင့် ကျန်းမာရေး အသိပညာပေးပြောကြားကာ ကျောင်းသား/သူများ တိုက်ကျွေးရန် သံချဆေးများထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမူ ပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတို့၌ ဆုရရှိသော ကျောင်းသား/သူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း၊ ကျောင်းသား/သူလေးများကို ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းနှင့် အဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)