ရွှေသောင်ယံမြို့ သဲကုန်းအုပ်စုအတွင်း ကျေးရွာများ၌ ငါးနှစ်အောက် ကလေးငယ်များအား ရက်သတ္တပတ် အာဟာရတိုက်ကျွေး

ရွှေသောင်ယံ ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စုအတွင်းရှိ ပိုးလောင်းကျေးရွာ၊ သဲကျင်း ကျေးရွာ၊ နွယ်ညိုချောင်းကျေးရွာများသို့ ယမန်နေ့ နံနက်ပိုင်းက ရွှေသောင်ယံမြို့ သပေါ့ကန်ကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေးဝန်ထမ်းများမှ သွားရောက်ကာ အသက် (၆)လမှ (၅)နှစ်အောက် ကလေးများအား Vitamin(A)နှင့် သံချဆေးများကို တိုက်ကျွေး၍ ပေါင်ချိန်ခြင်းဖြင့် ရက်သတ္တပတ် အာဟာရ လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်း၌ သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနတွင်လည်း ကျေးရွာအုပ်စုအတွင်းရှိ ကလေး မိဘများအား အကြောင်းကြား၍ ဆက်လက်တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမောင် (ရွှေသောင်ယံ)