မြန်အောင် သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဝက်တိုးကျေးရွာအုပ်စု၊ ရေတွင်း ကုန်းကျေးရွာတွင် သြဂုတ်လ ၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်းနှင့် သေဆုံးသူများ အတွက် ယနေ့ နံနက်က ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းပျက်ဆီးသွားသော ကျောင်းဆောင်အတွက် ထောက်ပံ့ငွေ (၃)သိန်းကျပ်၊ သေဆုံးသူ (၄)ဦး အတွက် ထောက်ပံ့ငွေ (၁၂)သိန်းကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅)သိန်းကျပ်ကို ဟင်္သာတခရိုင် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)