ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Woman Club အဖွဲ့စာဖတ်ဝိုင်းကျင်းပ

ငဖဲ  ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Woman Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ ပေါက်ပေါက်ရေးသားသော ကျန်းမာသုခလူနေမှုဘဝ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ယုယုသိန်းက စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိ၍ စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်Woman Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်းက စာရေးဆရာပေါက်ပေါက်ရေးသားသော ကျန်းမာသုခလူနေမှုဘဝ စာအုပ်ပါ စောစောအိပ်၊ စောစောထခြင်း၊ ကျန်းမာအောင်အသက်ရှုနည်းလမ်းညွှန်နှင့် နည်းမှန်လမ်းမှန်သွားတိုက်နည်းအကြောင်း၊ မြို့နယ်Woman Club အဖွဲ့ဝင် ဒေါ်နွယ်နွယ်အောင်က အိပ်စက်ခြင်းနှင့်ကျန်းမာရေး၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဆေးကြောသန့်စင်နည်းနှင့် မြို့နယ်Woman Club အဖွဲ့ဝင် ဒေါ်စုစန္ဒီက ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်နည်းအကြောင်းကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့်အဖွဲ့ဝင်များက စာပေဗဟုသုတအမြင်ခြင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် မြို့နယ်Woman Club အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြို့နယ်ရုံးမှပြသထားရှိသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံ ရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)