ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ခရိုင်နှင့်မြိုနယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

သာယာဝတီ     သြဂုတ်  

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့် အဖွဲ့ဝင်များလိုက်ပါလျက်  သာယာဝတီခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ က အကြမ်းဖက်မှုအရေးပေါ်အခြေအနေများ၊ စီးပွားရေးအခြေအနေများနှင့် စပ်လျဉ်း၍ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများ၊ မီဒီယာမှတစ်ဆင့် အသိပညာပေးဆောင်ရွက်ချက်များ၊ လူမှောင်ခိုကူးမှုများပပျောက်စေရန် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းစသည်တို့ကို ရှင်းလင်းအမှာစကား ပြောကြားသည်။

ယင်းနောက် ကော်မတီဝင်များမှ မသန်စွမ်းသူများကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု ပညာပေးခြင်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အမျိုးသမီးရေးရာအနေဖြင့် အသိပညာပေး အခမ်းအနားကို ဆောင်ရွက်နိုင်မှုအခြေအနေများအား အသီးသီးတင်ပြပြီး တိုင်းဒေသကြီး ဥက္ကဋ္ဌ က ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)