ရွှေကျင်မြို့နယ်တွင် အသက်(၁)နှစ် ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရွှေကျင် ဩဂုတ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်()နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းကို ယနေ့နံနက် နာရီခွဲအချိန်မှစ၍ အနောက်ဘက်ကျေးရွာအုပ်စု၊ မဒေါက်ကလေးကျေးရွာ၊ သီရိမင်္ဂလာကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ သောင်လယ်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ မောင်းရုံကျေးရွာ၊ အနောက်ဘက်ကျေးရွာနှင့် မဒေါက်ကလေးကျေးရွာတို့မှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုယ်ဝန်ဆောင် အားဆေးတိုက်ကျွေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)