မြို့သစ်မြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ e-ID ရေးသွင်းခြင်း လုပ်ငန်းအချိန်မီပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်

မြို့သစ် သြဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆ / ၆) အချက်အလက်များကို   ကွန်ပျူတာဆော့ဖ်ဝဲ (software) ဖြင့် e-ID ရေးသွင်းခြင်း လုပ်ငန်းများအ ချိန်မီ ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး တာဝန်ရှိသူများ တွေ့ဆုံကာ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ (software) ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းများတွင် လက်ရှိမြေပြင်စာရင်းအမှန်ရရှိရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် သက်မှတ်အချိန်ကာလအတွင်း မှန်ကန်တိကျစွာ အချိန်မီရေးသွင်းနိုင်ရေး သတ်မှတ်ရက်အတွင်း ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

မြို့သစ်မြို့နယ်တွင် အိမ်ထောင်စု စုစုပေါင်း (၄၅၀၈၉) စု၏ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို ကွန်ပျူတာဆော့ဖ်ဝဲ (software) ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဇော် (ပြန်/ဆက်)