စစ်ကိုင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်း ဩဂုတ် ၉

စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့၊ နေ့ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာ မဖြစ်ပေါ်စေရေး၊ ကလေးသူငယ်များကိုယ်တိုင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာအကြောင်း သိရှိစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားတက် စေရေး၊ မြေမြုပ်မိုင်းအန္တရာယ်အကြောင်း သိရှိစေရေး၊ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်စေရေးတို့အတွက် ဆွေးနွေးပေးရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်ရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောပေးခဲ့ကြပြီး အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ၊ နှာခေါင်းစည်း Mask များ နှင့် စာရေးကိရိယာ ဘောပင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်