အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မိုးလုံလေလုံအားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းအား ကြည့်ရှုစစ်ဆေး

ငပုတော ဩဂုတ် ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်(၁) ဦးကျော်ဦး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်၊ ပုသိမ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံတို့သည် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နံနက် (၈)နာရီအချိန်က ငပုတောမြို့ မိုးလုံလေလုံ  အားကစား ခန်းမသို့ ရောက်ရှိပြီး  အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ မိုးလုံလေလုံအားကစားခန်းမကြီးကို လွန်ခဲ့သော ၁၉၉၃ ခုနှစ်‌က စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ပျက်စီးယိုယွင်းလျက်ရှိနေပြီဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိ​ကြောင်း၊ အားကစားခန်းမအဝင်လမ်းအား  ကွန်ကရစ်လမ်းခင်းရန်  မှာကြားခဲ့ပြီး​နောက် ဆက်လက်၍ ပမ္မဝတီအား ကစားကွင်းသို့ ​ရောက်ရှိပြီး မီတာ (၄၀၀) အားကစားကွင်း ပြုပြင်ဆောင်ရွက်ထားရှိမှုများနှင့် ပမ္မဝတီအားကစား ကွင်း၌  အားကစားခန်းမ အသစ်ဆောက်လုပ်ရန် မြေနေရာအား သတ်မှတ်​ပေးပြီး​နောက် တာဝန်ရှိသူများအား လိုအပ်သည်များကို  မှာကြားခဲ့သည်။ ဆက်လက်ပြီး ငပု​တောမြို့တောင်ပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ Ground Tennis ကွင်းအားကြည့်ရှုပြီး ပြုပြင်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ငပုတော)