တနိုင်းမြို့နယ်တွင် Facility Quarantine ကန့်သတ်ထားရှိသူများအား ဓာတ်ခွဲနမူနာများ ရယူခြင်းနှင့် ကန့်သတ်(၂၁)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ ပို့ဆောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

တနိုင်း   စက်တင်ဘာ    ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ ကင်ဆားရာရပ်ကွက်၊ ကချင်ရိုးရာမနောကွင်း၊ ဟူးကောင်းဂင်ဒိုင်ခန်းမ၌ Facility Quarantine ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲနမူနာများရယူခြင်းနှင့် ကန့်သတ်(၂၁)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ ပို့ဆောင်ခြင်းကို ယနေ့ နံနက်(၈)နာရီက ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်အတွက် ပြည်ပနှင့် ရန်ကုန်မှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူ(၃၁)ဦးအား ကချင်ရိုးရာမနောကွင်း၊ ဟူးကောင်းဂင်ဒိုင် ခန်းမ၌ (၂၁)ရက် ကန့်သတ်ထားရှိပြီး အဆိုပါကန်သတ်ထားရှိသူများမှ ကျား(၁၀)ဦးနှင့်မ(၃)ဦး စုစုပေါင်း (၁၃)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အားခေါင်တို့ဖတ်များ ရယူခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော လုပ်ငန်းညွှန်ကြား ချက်များနှင့်အညီ  ကန့်သတ်(၂၁)ရက် စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်း ပြည့်မြောက်၍ ရောဂါပိုးလက္ခဏာ ပေါ်ပေါက်ခြင်း မရှိသူ(၆)ဦးတို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ထောက်ခံချက် လက်မှတ်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)