မင်းကင်းမြို့တွင် “ဗလငါးတန် ဖွံ့ဖြိုးဖို့ အစာအာဟာရစားသုံးစို့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မင်းကင်း သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ “ဗလငါးတန်ဖွံ့ဖြိုးဖို့၊ အစာအာဟာရစားသုံးစို့ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်၍ အထက်တန်းပြဆရာ ဦးအေးလင်းဇော်က ပြိုင်ပွဲစည်းကမ်းချက်များ၊ ဗလငါးတန်နှင့် ပတ်သက်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလအကြောင်းများ ရှင်းလင်းကာ ပြိုင်ပွဲအား ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ အထက်တန်းအဆင့်(၁၃)ဦး၊ အလယ်တန်းအဆင့်(၁၉)ဦးနှင့် မူလတန်းအဆင့်တွင်(၄၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၄)ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

လှငွေ(မင်းကင်း၊ ပြန်/ဆက်)