မင်းတုန်း ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီက တိရစ္ဆာန်ကျန်းမားရေးလုပ်သား သင်တန်းဖွင့်လှစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး သရက်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ကျေးရွာအုပ်စု(၂၀)မှ သင်တန်းသားဦးရေ (၂၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်နှင့် ကြက်များတွင် ဖြစ်ပွားတတ်သော ရောဂါနှင့် ကူးစက်ရောဂါများအကြောင်း၊ နွား၊ သိုး၊ ဆိတ်၊ ဝက်နှင့် တိုင်းရင်းကြက်များအတွက် ကောင်းမွန်သော မွေးမြူရေးနည်းစနစ်များနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပြုလုပ်ခွင့်ရှိသည့် ခွဲစိတ်ခြင်းနည်းပညာများကို (၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါတ်တာ ခိုင်ယဉ်ဌေးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)