စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် မြန်မာ့ရိုးရာ အခြေခံသိုင်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မုံရွာ သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် မြန်မာ့ရိုးရာ အခြေခံသိုင်းသင် တန်းဆင်းပွဲ  အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပဉ္စဗလ ဘက်စုံခန်းမတွင် ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် မုံရွာပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းနည်းပြနှင့် ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ငွေနှင့် တူညီဝတ်စုံများအား ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ မုံရွာပညာ ရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦး ထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက မြန်မာ့ ရိုးရာ အခြေခံသိုင်းပညာများအား သရုပ်ပြသကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီး သင်တန်းသား၊ သင်တန်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် မြန်မာ့ရိုးရာ အခြေခံသိုင်းသင်တန်းကို ဇူလိုင်လ (၇)ရက်နေ့မှစတင်၍ (၁)လအကြာသင်ကြားပို့ချခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၁၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 တိုင်းဒေသကြီး (ပြန်/ဆက်)