မုဒုံမြို့၌ HPV ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းဆောင်ရွက်

မုဒုံ သြဂုတ် ၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ HPV ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မ () ရပ်ကွက်ရှိ လောကမာရာဇိန် ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

HPV ကာကွယ်ဆေးသည် မိန်းကလေးများတွင် ဖြစ်ပွားလာတက်သော HPV ပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာနှင့် အခြားရောဂါများကို  ထိရောက်စွာ ကာကွယ်ပေးနိုင်သည့် ဆေးဖြစ်ကြောင်း၊ အသက်  ()နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးများကို ပထမအကြိမ် ထိုးနှံပြီး ()လ မှ(၁၂)လအတွင်း ဒုတိယအကြိမ်ကို ထပ်မံထိုးနှံပေး၍  ()ကြိမ် ထိုးနှံပေးရခြင်းဖြစ်ကြောင်း  မုဒုံမြို့နယ်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါ ကာကွယ်ဆေးကို  (၂၀၂၀)ခုနှစ်  အောက်တိုဘာလမှစ၍  ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မိန်းကလေးများကို (ဒုတိယအကြိမ်)သတ်မှတ်ရက်များအလိုက် ထိုးနှံပေးနှံပေးခြင်းဖြစ်ကာ မြို့မ ()ရပ်ကွက်တွင် (၇၈) ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)