မောင်တော ဩဂုတ် ၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ဒုတိယအကြိမ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲအချိန် မောင်တော -ဘူးသီး တောင် ကားလမ်းမဘေးရှိ သစ်တောဌာနပိုင် မြေနေရာတွင် စိုက်ပျိုးခဲ့ကြသည်။
ရှေးဦးစွာ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်သစ်တောဦးစီမှူး ဦးပုန်ဇဂင့်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများကို ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊ ခရိုင်သစ်တောဦးစီမှူး ဦးပုန်ဇဂင့်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးမြှင့်ဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး အိမ်တွင်းမှုကျောင်းမှ ကျောင်းအုပ် ဆရာမကြီး၊ ဆရာမများနှင့် သင်တန်းသူများ၊ (၃)မိုင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊သူများ၊ ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းမှ အသင်းသားများ ၊ ပြည်သူများ စုစုပေါင်း အင်အား ၂၀၀ခန့်က သတ်မှတ်နေရာ အသီးသီးတွင် ပျိုးပင်များအား စနစ်တကျ တစ်ပျော်တစ်ပါး ပျိုး ပင်များကို စိုက်ပျိုးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် ကျွန်း ၅၀ ၊ ပျဉ်းကတိုး ၅၀ ၊ မန်ဂျန်ရှား ၁၅၀ ၊ မဟော်ဂနီ ၂၀ ၊ရေသင်း ဝင် ၃၀ စုစုပေါင်း ၃၀၀ ပင်အား သတ်မှတ်နေရာ အသီးသီး စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲအား သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ၊ ရာသီဥတု ကောင်းမွန်မျှစေရေး ၊ အရိပ်အာဝါသနှင့် မျက်စိပဿဒ အကျိုးများရရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)