နတ်မောက်မြို့နယ်၌ ငွေချည်(၆)ဝါစိုက်ပျိုးထားရှိမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး

နတ်မောက် ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဇော်ဟိန်း၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန ဝန်ထမ်းများက တောင်သူဦးအောင်ဆန်းလင်း၏ ငွေချည် (၆) စိုက်ပျိုးထားရှိမှု အခြေအနေများကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဝါစိုက်ပျိုးရာ လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဝါစိုက်ပျိုးရန်လျာထားဧက (၂၁၆၀၀)ရှိပြီး၊ စိုက်ပျိုးပြီးစီးသည့် ဧက(၂၉၃၈)ဧကရှိကြောင်း သိရသည်။  

လှဝင်း