ဟင်္သာတခရိုင်နှင့် မြို့နယ် ထွေ/အုပ်ဝန်ထမ်းများစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ဟင်္သာတ သြဂုတ် 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ခရိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဝန်ထမ်းများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ထွေအုပ် အစည်းဝေးခန်းမဆောင်တွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မှုလာကြသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ကြသည်။  ယင်းနောက် မိုးကောင်းကျောင်းတိုက်ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး  ပရိတ်တရားတော်များနာယူကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း နှင့်ဇနီးတို့က ဦးဆောင်၍ ခရိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် ထွေအုပ်ဝန်ထမ်းများက စုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ဘုရားထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့​ကြသည်။

ထို့နောက်  ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကိုဇော် -ဟင်္သာတ