အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း

အုတ်တွင်း    သြဂုတ်  

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ..က(မူလွန်) နတ်စဉ် ကုန်းကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန် က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာမှ ကလေးငယ်များအား စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင် က စားသုံးရန်မသင့်သော အစားအစာများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးများ ကိုယ်ကာယ ဉာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေး ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီး၊ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူ ပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက်ကာ ကလေးငယ်များအား စာဖတ်သည့်အလေ့အထများ ရရှိစေရန်စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)