အုတ်တွင်းမြို့နယ်၌ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အုတ်တွင်း    သြဂုတ်  

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်းများက ယနေ့မွန်းတည့် ၁၂နာရီအချိန်က အုတ်တွင်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများဖြစ်သော ဆပ်ပြာအမျိုးမျိုးနှင့် သွားတိုက်ဆေးအမျိုးမျိုးတို့တွင် သတ်မှတ်ကုန်ညွှန်းအမှတ်အသားများ၊ အလေးချိန်ပါဝင်မှု ပြည့်စုံခြင်း ရှိ/မရှိကို လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး စသည့်ကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပါဝင်မှုပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ရောင်းချသွားရန် ကုန်စုံဆိုင်ရောင်းချသူများအား အသိပညာပေးပြောကြားခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင် ထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)