ညောင်လေးပင် ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့ နံနက် ၉ နာရီ အချိန်က အထက(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော အသက်(၁၈)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်အသက်နှင့်ကိုက်ညီ၍ မိဘအုပ်ထိန်းသူ သဘောတူညီသော ကျောင်းသား၊ ကျောင်းသူများကိုသာ ထိုးနှံပေးခြင်း ဖြစ်ပြီး ညောင်လေးပင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအရောက် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လိုက်လံထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများသို့လည်း သတ်မှတ်ရက်များအတိုင်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)