ဝေါ သြဂုတ် ၅
၂၀၂၂- ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် ဒဿမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့အရှေ့ဘက်ကမ်းရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း (ဝေါအရှေ့) စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့် ဟောပြောပွဲတွင် ဝေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးနိုင်ထွေး က ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ လူကုန်ကူးမှုနှင့်ပတ်သက်သည့် သိလိုသည်များကို ဒုရဲမှူး မျိုးနိုင်ထွေး က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)