ရွှေတောင် သြဂုတ် ၅
၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ်အတွက် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ရုံး/စခန်း၊ မယားမာန်နယ်မြေမီးသတ်စခန်းများတွင် တာဝန်ထမ်းဆောင်နေကြသော မီးသတ်တပ်ဖွဲ့ဝင်များ၏ သား/သမီးများအား ပညာသင်ထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်း က ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ပြည်ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ ခရိုင်ကော်မတီများမှ ထောက်ပံ့ပေးအပ်သော ပစ္စည်းများနှင့် မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ကော်မတီမှ ထောက်ပံ့ပစ္စည်းများကို ၂၀၂၂-၂၃ ပညာ သင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် (အလယ်တန်း/မူလတန်း) တပ်ဖွဲ့ဝင်များ၏ သား/သမီးများအား မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ဖြိုးဝေလှိုင်၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌမှ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတာဝန်များအား ရှင်လင်းပြောကြားပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည့် မီးသတ်တပ်ကြပ်ကြီးတစ်ဦး၏ သားအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)