ရေတာရှည်မြို့နယ်၌ သွားတိုက်ဆေးအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်

ရေတာရှည်   သြဂုတ်  

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ထွေးနှင့် ဝန်ထမ်းများက  ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသည့် လူသုံးကုန်ပစ္စည်းဖြစ်သော သွားတိုက်ဆေးအမျိုးမျိုးအား မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု  ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

လူသုံးကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများကို မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်က  ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖော်ပြထားရှိမှု ရှိ/မရှိ  စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး   သွားတိုက်ဆေး အမျိုးမျိုးအပြင် အခြားကုန်စည်များ ရောင်းချရာတွင်   ပြဌာန်းထားသည့် စည်းကမ်းချက်များနှင့်အညီ ကုန်အညွှန်း အမှတ်သားများပြည့်စုံစွာ ဖော်ပြရောင်းချနိုင်စေရန် အသိပညာပေးပြောကြားပြီး  ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပါသည့်  လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)