အုတ်တွင်းမြို့နယ် အ.မ.က(မူလွန်) နတ်စဉ်ကုန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

အုတ်တွင်း   သြဂုတ်  

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အ..က(မူလွန်) နတ်စဉ်ကုန်းကျောင်း၌ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် နတ်စဉ်ကုန်းကျန်းမာရေးဌာနခွဲ သားဖွားဆရာမ ဒေါ်စုစုခိုင်က မိုးတွင်းကာလ၌ ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများအား ကျောင်းသား၊ကျောင်းသူများ သိရှိလိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)