ရွှေတောင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေတောင်  သြဂုတ်  

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပြင် လက်ရှိဆောင်ရွက်နေသော e-ID ရေးသွင်းခြင်းလုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာ မိမိတို့ဌာန၏ လုပ်ငန်းများလည်း ပေါင်းစပ်လုပ်ကိုင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ တင်ပြချက်များအပေါ် လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် က ထပ်ဆင့်မှာကြား ဆွေးနွေးခဲ့ကြသည်။

ကိုကိုမင်း (ပြန်/ဆက်)