ပန်းတောင်း သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စည်သာ အ.မ.က (လွန်) ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး က ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်တော်ငံ၏ အနာဂတ်ကြယ်ပွင့်များဖြစ်သည့်အလျောက် လူမှုဆက်ဆံရေး၊ အနာဂတ်ရည်မှန်းချက်များ၊ စာရိတ္တကောင်းမွန်စေရေး၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် စာပေများ ဖတ်ရှုလေ့လာခြင်း၊ ဆရာ၊ ဆရာမများ၏ ဆိုဆုံးမမှုများကို နာခံတတ်စေရန်၊ လူကြီးမိဘများကို ရိုသေကိုင်းရှိုင်းတတ်စေရန်၊ နိုင်ငံတော်ကိုချစ်မြတ်နိုး၍ ကာကွယ်လိုစိတ်အပြည့်ရှိကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ဟောပြောကာ၊ ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းအား ဆောင်ရွက်ခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းအေး က စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)