ရွှေတောင် သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၂-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၂-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်ဖြင့် (၁-၈-၂၀၂၂) ရက်နေ့မှစတင်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား စနစ်တကျ မိခင်နို့တိုက်ကျွေးရေး အသိပညာပေးခြင်း၊ အာဟာရဖြည့်စွက်စာများ ဝေငှခြင်း၊ ဗိုက်တာမင်ဆေးများ တိုက်ကျွေးခြင်း၊ (၅)နှစ် အောက်ကလေးများအား ဗိုက်တာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)