ဟိုင်းကြီးကျွန်း သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဟိုင်းကြီးကျွန်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ဒေသလိုအပ်ချက်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဒေသလုံခြုံရေး အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)