ကံမမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး  ဖုံး သွန် လဲ စစ် လုပ်ငန်းများ ဆောင်ရွက်

ကံမ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ခြင်ပေါက်ပွားမှုမရှိစေရန် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ခြင်း၊ သောက်သုံးရေကန်များနှင့် ပန်းအိုးများအား ဖုံး သွန် လဲ စစ် အသိပညာပေးခြင်းနှင့် ပိုးလောက်လန်းပေါက်ပွားမှု လျော့နည်းစေရန် ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)