တောင်ကုတ် ဩဂုတ် ၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေ ကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ သွေးလွန်တုတ်ကွေးရောဂါမှ ကင်းဝေးပြီး ကျန်းမာစွာ ပညာသင်ယူနိုင်ရေးအတွက် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆေးဖျန်းခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်တွင် အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စာသင်ခန်းများနှင့် ကျောင်းခြံဝန်းအတွင်း၊ အပြင်များကို (Malathion)ခြင်သတ်ဆေး ဖျန်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
တောင်ကုတ်မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကင်းဝေးရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အပတ်စဉ် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)