သံဖြူဇရပ် သြဂုတ် ၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ဖြင့်ကွမ်သတ်ကျေးရွာ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ပဒံငံလေးကျေးရွာ ရေပေးဝေရေးလုပ်ငန်း သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီရေးအတွက် မြို့နယ် တည်ဆောက်ရေးကော်မတီမှ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွမ်သတ်ကျေးရွာရှိ ကတ္တရာခင်းခြင်း လုပ်ငန်းကို ၂၀၂၂-၂၀၂၃ ပြည်နယ်အစိုးရ ရန်ပုံငွေကျပ်သန်း (၁၅၆-၂၆) သန်းဖြင့် စုဂတိကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်သော အရှည်ပေ (၅၁၇၀) ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက္မ ဖြစ်ပြီး ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန် ၂၃ရက်မှ စတင်ပြုလုပ်ရာ သြဂုတ် ၂ရက်နေ့ထိ (၂ပေx၄ပေ) ကျောက်ခင်းခြင်းလုပ်ငန်း ၅ ဖာ လုံ ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းပြီးစီးမှုရာနှုန်း ၄၀ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်သည်။
ဆက်လက်၍ ပဒံငံလေးကျေးရွာ ရေပေးဝေရေးလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်ပြည် နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၄- ၁၈ သန်းဖြင့် တင်ဒါအောင် ကုမ္ပဏီဖြစ်သော mega. Dynanic. Mon မှ ရေလံဂါ(၂၄၀၀)ဆန့် ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံ(၅ပေx ၅ပေx၇ပေ) တည်ဆောက်ခြင်း၊ ၂လက္မ PVC ရေပိုက်(၉၀၀၀)ပေ သွယ်တန်းခြင်းလုပ်ငန်းကို တည်ဆောက်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးရာ ဇွန် ၆ ရက်နေ့မှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ သြ ဂုတ် ၂ ရက်နေ့ထိ ရေစင် ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းမှာ (၁၄၀၀)ပေ သွယ်တန်းပြီး ရေမြောင်းအရှည်ပေ (၃၀၀၀)ဆောင် ရွက်ပြီးစီးပြီဖြစ်၍ ပြီးစီးမှု ရာနှုန်း(၅၅)ရာနှုန်း ပြီးစီးပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းအားလုံးပြီး စီးပါက ကျေးရွာနေ ပြည်သူများသောက်သုံး ရေပြတ်လပ်မှုမရှိစေရေးနှင့် လူမှုဘဝဖွံဖြိုး တိုးတက်လာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ဝေနှင်းထံမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)